Thursday, March 21, 2013

ဂုဏ်တင့်မိခင်ကျေးဇူးရှင်

အမေ့အိမ်

THERE IS NO PLACE LIKE HOME.
အိမ်ထက်သာလွန်ကောင်းမွန်တဲ့နေရာဆိုတာမရှိပါ။
မတတ်သာလို့ခွဲခွါသွားရတာဖြစ်စေ၊
အမေ့အိမ်ထက်သာလွန်ကောင်းမွန်တဲ့နေရာကိုရှာဖွေဖို့ထွက်သွားတာဖြစ်စေ၊
သားသမီးများဟာနောက်ဆုံးတော့အမေ့အိမ်ကသာမေတ္တာ ၊ ဂရုဏာအပြည့်အ၀ပေးတဲ့နေရာဆိုတာနားလည်ကြပါတယ်။

 

ဂုဏ်တင့်ခဲ့တဲ့ အမေကြည်

မေ့သွင်ပြင်ကား၊ ဆံပင်တွေဖြူဖွေး
သွားတွေကြိုကျဲ၊ ပါးရေတွေတွန့်
ခါးတွေကိုင်းလို့၊ ရွယ်အိုသွငိပြင်
ထင်ထင်မြင်လဲ၊ ခန့်ညားတည်ကြည်
ထိန်းသိမ်းထားသည့်၊ ခိုင်မာကိုယ်ကျင့်
သိက္ခာတံတိုင်း၊ တည်ဆောက်သွားသည့်
နမူနာယူသင့်၊ ရွယ်အိုမိခင်ကျေးဇူးရှင်

လမ်းပြကြယ် မိခင်ကြီး

ဖခင်အရိပ်ကွယ်ပျောက်ချိန်
ရောက်လာခဲ့လဲ သားသမီးများရှေ့
ဝမ်းနည်းသွင်ပြင်စင်းစင်းမမြင်ခဲ့
တည်ကြည်စိတ်ဓါတ် ခိုင်မာလှသည့်
မားမားရပ်ခဲ့သည့် လမ်းပြကြယ်

မိဘနဲ့ပတ်သက်လို့ ကျမပြန်စဉ်းစားလိုက်တဲ့အခါတိုင်းဂိုဒေါင်ကြီးလို သိုလှောင်ထားတဲ့ အောက်မေ့သတိရစရာများကို
ဆွဲထုတ်လိုက်ရင် မိဘတွေနဲ့ပတ်သက်တဲ့
ပျော်ရွှင်စရာ ၀မ်းနည်းစရာပုံရိပ်တွေဟာ အပ်ချည်ကြိုးလေးတွေလို
မဆုံးနိုင်အောင်ပေါ်ထွက်လာပါတယ်။
ဒါတွေဟာတကယ်တော့ကျေးဇူးတရားကြိုးမျှင်တန်းတွေပဲပေါ့။


မိခင်ကြီးနှင့်ပတ်သက်၍ခံစားခြင်း

   ကျမရဲ့မျက်မှောက်မှာ  အမေ ဆိုတဲ့လူသားတစ်ယောက်မရှိတော့ပေမယ့်
အမေ့ရဲ့ မေတ္တာ ၊စေတနာ ၊ကရုဏာ ၊ ခွင့်လွှတ်မှု ဆိုတဲ့ စုတ်ချက်ပေါင်းများစွာနဲ့
တစ်သက်တာရေးခြစ်ခဲ့တဲ့ဂန္တ၀င်မြောက်အောင်အရောင်အသွေးထူးခြားလှပတဲ့ အမေ့ရဲ့ပုံရိပ်ကြီးသည် ကျမရဲ့နှလုံးအိမ်မှာ ထာဝရမင်းမူနေမှာအမှန်ပါ။

အမေ့ဆုံးမစကား

သီလရှိတဲ့သူဟာ၊ ကိုယ်ကျင့်တရားမပျက်ဘူး၊ ကိုယ်ကျင့်တရားကောင်းတဲ့သူဟာ သိက္ခာသမာဓိရှိတယ်။ သိက္ခာသမာဓိကောင်းတဲ့ကိုယ်ကျင့်တရားတွေဟာ သမီးရဲ့ဘ၀ကိုကာရံထားတဲ့အခိုင်အမာခြံစည်းရိုးတွေပဲ။ အဲဒီခြံစည်းရိုးတွေနဲ့ကာရံထားသမျှသမီးရဲ့ဘ၀ဟာ လုံခြုံပြီးသားပါ။

အမေ့ရင်ထဲမှာ

ကြယ်ကလေးတွေမှာ ကောင်းကင်ဆိုတာရှိတယ်။
ပန်းကလေးတွေမှာ ဥယျာဉ်ဆိုတာရှိတယ်။
အဲဒီ့လိုပဲ
သားသမီးတွေမှာလည်း မိခင်ဆိုတာရှိတယ်။
ကောင်းကင်ကြီးထဲမှာ
မြူမည်းယှက်သိုင်း တိမ်ညိုမှိုင်းတွေ ရှိချင်ရှိမယ်။
ဥယျာဉ်ထဲမှာလည်း
ရနံ့ညစ်ဆိုးနဲ့ ပန်းကိုက်ပိုးတွေ ရှိချင်ရှိမယ်။
ဒါပေမယ့်
မိခင်တို့ရဲ့ ရင်ထဲမှာတော့
ဖြူစင်မေတ္တာ၊ ကရုဏာနှင့် ကြင်နာယိုဖိတ်
သားသမီးကိုချစ်တဲ့စိတ်ပဲရှိလိမ့်မယ်။  (မင်းသန့်မွန် )

 အိမ်အပြန်လမ်း

To be happy at home is the ultimate result of all ambition.  ( Samuel johnson )
ရည်မှန်းချက်အားလုံးရဲ့နောက်ဆုံးဦးတည်ချက်က " အိမ် " မှာပျော်ရွှင်ချမ်းမြေ့ဖို့ဖြစ်ပါတယ်

No comments:

Post a Comment