Thursday, March 21, 2013

ဂုဏ်တင့်မိခင်ကျေးဇူးရှင်

အမေ့အိမ်

THERE IS NO PLACE LIKE HOME.
အိမ်ထက်သာလွန်ကောင်းမွန်တဲ့နေရာဆိုတာမရှိပါ။
မတတ်သာလို့ခွဲခွါသွားရတာဖြစ်စေ၊
အမေ့အိမ်ထက်သာလွန်ကောင်းမွန်တဲ့နေရာကိုရှာဖွေဖို့ထွက်သွားတာဖြစ်စေ၊
သားသမီးများဟာနောက်ဆုံးတော့အမေ့အိမ်ကသာမေတ္တာ ၊ ဂရုဏာအပြည့်အ၀ပေးတဲ့နေရာဆိုတာနားလည်ကြပါတယ်။

 

ဂုဏ်တင့်ခဲ့တဲ့ အမေကြည်

မေ့သွင်ပြင်ကား၊ ဆံပင်တွေဖြူဖွေး
သွားတွေကြိုကျဲ၊ ပါးရေတွေတွန့်
ခါးတွေကိုင်းလို့၊ ရွယ်အိုသွငိပြင်
ထင်ထင်မြင်လဲ၊ ခန့်ညားတည်ကြည်
ထိန်းသိမ်းထားသည့်၊ ခိုင်မာကိုယ်ကျင့်
သိက္ခာတံတိုင်း၊ တည်ဆောက်သွားသည့်
နမူနာယူသင့်၊ ရွယ်အိုမိခင်ကျေးဇူးရှင်

လမ်းပြကြယ် မိခင်ကြီး

ဖခင်အရိပ်ကွယ်ပျောက်ချိန်
ရောက်လာခဲ့လဲ သားသမီးများရှေ့
ဝမ်းနည်းသွင်ပြင်စင်းစင်းမမြင်ခဲ့
တည်ကြည်စိတ်ဓါတ် ခိုင်မာလှသည့်
မားမားရပ်ခဲ့သည့် လမ်းပြကြယ်

မိဘနဲ့ပတ်သက်လို့ ကျမပြန်စဉ်းစားလိုက်တဲ့အခါတိုင်းဂိုဒေါင်ကြီးလို သိုလှောင်ထားတဲ့ အောက်မေ့သတိရစရာများကို
ဆွဲထုတ်လိုက်ရင် မိဘတွေနဲ့ပတ်သက်တဲ့
ပျော်ရွှင်စရာ ၀မ်းနည်းစရာပုံရိပ်တွေဟာ အပ်ချည်ကြိုးလေးတွေလို
မဆုံးနိုင်အောင်ပေါ်ထွက်လာပါတယ်။
ဒါတွေဟာတကယ်တော့ကျေးဇူးတရားကြိုးမျှင်တန်းတွေပဲပေါ့။


မိခင်ကြီးနှင့်ပတ်သက်၍ခံစားခြင်း

   ကျမရဲ့မျက်မှောက်မှာ  အမေ ဆိုတဲ့လူသားတစ်ယောက်မရှိတော့ပေမယ့်
အမေ့ရဲ့ မေတ္တာ ၊စေတနာ ၊ကရုဏာ ၊ ခွင့်လွှတ်မှု ဆိုတဲ့ စုတ်ချက်ပေါင်းများစွာနဲ့
တစ်သက်တာရေးခြစ်ခဲ့တဲ့ဂန္တ၀င်မြောက်အောင်အရောင်အသွေးထူးခြားလှပတဲ့ အမေ့ရဲ့ပုံရိပ်ကြီးသည် ကျမရဲ့နှလုံးအိမ်မှာ ထာဝရမင်းမူနေမှာအမှန်ပါ။

အမေ့ဆုံးမစကား

သီလရှိတဲ့သူဟာ၊ ကိုယ်ကျင့်တရားမပျက်ဘူး၊ ကိုယ်ကျင့်တရားကောင်းတဲ့သူဟာ သိက္ခာသမာဓိရှိတယ်။ သိက္ခာသမာဓိကောင်းတဲ့ကိုယ်ကျင့်တရားတွေဟာ သမီးရဲ့ဘ၀ကိုကာရံထားတဲ့အခိုင်အမာခြံစည်းရိုးတွေပဲ။ အဲဒီခြံစည်းရိုးတွေနဲ့ကာရံထားသမျှသမီးရဲ့ဘ၀ဟာ လုံခြုံပြီးသားပါ။

အမေ့ရင်ထဲမှာ

ကြယ်ကလေးတွေမှာ ကောင်းကင်ဆိုတာရှိတယ်။
ပန်းကလေးတွေမှာ ဥယျာဉ်ဆိုတာရှိတယ်။
အဲဒီ့လိုပဲ
သားသမီးတွေမှာလည်း မိခင်ဆိုတာရှိတယ်။
ကောင်းကင်ကြီးထဲမှာ
မြူမည်းယှက်သိုင်း တိမ်ညိုမှိုင်းတွေ ရှိချင်ရှိမယ်။
ဥယျာဉ်ထဲမှာလည်း
ရနံ့ညစ်ဆိုးနဲ့ ပန်းကိုက်ပိုးတွေ ရှိချင်ရှိမယ်။
ဒါပေမယ့်
မိခင်တို့ရဲ့ ရင်ထဲမှာတော့
ဖြူစင်မေတ္တာ၊ ကရုဏာနှင့် ကြင်နာယိုဖိတ်
သားသမီးကိုချစ်တဲ့စိတ်ပဲရှိလိမ့်မယ်။  (မင်းသန့်မွန် )

 အိမ်အပြန်လမ်း

To be happy at home is the ultimate result of all ambition.  ( Samuel johnson )
ရည်မှန်းချက်အားလုံးရဲ့နောက်ဆုံးဦးတည်ချက်က " အိမ် " မှာပျော်ရွှင်ချမ်းမြေ့ဖို့ဖြစ်ပါတယ်

ဘာမဆိုသည်းခံ ဆရာတော်အရှင်ဥာဏုတ္တရ ( ဂျပန်သာသနာပြု )

ဘာမဆိုသည်းခံ( သည်းခံအားဖြည့် ခန္တီလင်္ကာ ) စာအုပ်မှ ကူးယူမျှဝေပါသည်

ခန္တီဟူသည် ......

သည်းခံခြင်းသည် ခန္တီမည်၏။
ခန္တီ=သည်းခံ၊ သဘောမှန်ကား၊
တုန့်ပြန်ဒေါသ၊ မရှိကြဘဲ၊
ဖြူစွမေတ္တာ၊ရှေးရှုကာဖြင့်၊
ပညာဥာဏ်ယှင်၊ စိတ်ဘ၀င်မှာ၊
အစဉ်အေးမြ၊ အဒေါသဖြင့်၊
နေကြခြင်းသာ၊ မူရင်းပါတည်း။

 မေတ္တာဥာဏ်ယှဉ် ၊သည်းခံလျှင်

ကြမ်းတမ်းဒေါသ ။ ရှိကြသူမှာ၊
အရာရာဝယ်၊ ဘယ်ဟာမဆို၊
ပြန်ကိုတွန်းလှန်၊ သည်းမခံဘူး။
ကြမ်းတမ်းဒေါသ၊ မရှိကြဘဲ ၊
အေးမြမေတ္တာ ၊ဥာဏ်ယှဉ်ပါ့လျှင်၊
အရာရာဝယ်၊ ဘယ်ဟာမဆို၊
ပြန်ကိုမလှန်၊ သည်းခံနိုင်၏။

 

ခန္တီပါရမီ

သည်းခံခြင်းကား ၊စိတ်ထားရှည်စွာ၊
ဥာဏ်ယှဉ်ကာဖြင့်၊ မေတ္တာလျှံဖိတ်၊
မျိုသိပ်အောင့်အည်း၊ မညည်းမညူ၊
ငြူစူမှုကင်း ၊ခွင့်လွှတ်ခြင်းမှီ၊
ခန္တီစင်စစ်၊ ပါရမီဖြစ်၏။

ကိုယ်ကျင့်ဖြင့်သာသည်းခံပါ ...

အရာရာမှာ၊ သီလမဲ့ကင်း၊ သည်းခံခြင်းထက်၊
သီလထည့်သွင်း၊ သည်းခံခြင်းသာ၊ မွန်မြတ်ရာ၏။

 

မေတ္တာဖြင့်သာ ၊ သည်းခံပါ

အရာရာမှာမေတ္တာမဲ့ကင်း၊ သည်းခံခြင်းထက်၊
မေတ္တာထည့်သွင်း၊ သည်းခံခြင်းသာ၊
မွန်မြတ်ရာ၏။

 

ဥာဏ်ဖြင့်ယှဉ်ကာ ၊သည်းခံပါ။

မေတ္တာဖြင့်သာ၊ သည်းခံပါလည်း၊
အရာရာမှာ၊ ဥာဏ်မပါဘဲ။
ပညာမဲ့ကင်း၊ သည်းခံခြင်းထက်၊
ဥာဏ်ကိုထည့်သွင်း၊ သည်းခံခြင်းသာ၊
မွန်မြတ်ရာ၏။

 ဒေါသနည်းရန်၊ အကျင့်မှန်။

ဒေါသနည်းရန် အကျင့်မှန်ကား၊
သည်းခံမှုက၊ ပထမ၊
သီလမြဲမြံ၊ သည်းခံကြလျက်၊
ဖြူစွမေတ္တာ၊ဥာဏ်လည်းပါမူ၊
ဆူပူဒေါသ၊ ကင်းငြိမ်းရ၏။

 

မုန်း၊ချစ်နှစ်တန် ၊ သည်းခံရန်။

နှစ်သက်ဖွယ်ရာ၊ မုန်းစရာများ။
ကြုံလာငြားက၊
လောဘ၊ ဒေါသ ၊မောဟတရား၊
မဖြစ်ပွားအောင်၊
စိတ်ထားမှန်ကန်၊
သတိဥာဏ်ဖြင့်၊သည်းခံလျက်သာ၊
နေကြရာ၏။    

 

 ကိုယ်ချင်းစာတရား၊ ရင်မှာထား။

ကူညီပေးက သူ့ဘ၀မှာ။
ချမ်းသာသုခ  ကောင်းကျိုးရ၏။
ငါမကူက၊သူ့ဘ၀မှာ၊
ဒုက္ခနှင့်သာ၊ တွေ့နိုင်ရာ၏။
မိမိစွမ်းအား၊သူတစ်ပါးက၊
အားကိုး၍သာ၊တောင်းခံလာမူ၊
ကူညီနိုင်က၊သည်းခံလျက်သာ၊
စေတနာထားမေတ္တာအားဖြင့်
ကူညီသင့်တာ၊ကူညီပါလော့။

 

ရန်စရှည်လေ၊ဆင်းရဲလေပဲ

ကမ္ဘာကြေကွဲ၊ ရန်မစဲဘဲ၊
ဖြစ်မြဲရန်ငြိုးထပ်ကာတိုးက၊
အကျိုးမဲ့စွာဖြစ်တတ်ရာ၏။

သည်းခံစိတ်ထား ကုသိုလ်ပွား။

ကုသိုလ်ဖြစ်ခြင်း၊အကြောင်းရင်းကား၊
မယွင်းမှန်စွာ၊စေတနာမှန်၊
သဒ္ဓါလျှံဖိတ်၊သည်းခံစိတ်ပဲ၊
သည်းခံစိတ်ထားရှိသူများ၌၊
ကုသိုလ်တရားအဖြစ်များ၍၊
မခြားနေ့ည၊ ချမ်းသာရ၏။
သည်းခံစိတ်ထား၊ထွန်းကားခန္ဓာ၊
ပြည်၊မြို့၊ရွာသည်၊ဘယ်ခါမပြတ်၊
အအေးဓါတ်လွှမ်း၊လွန်ငြိမ်းချမ်း၏။

သည်းခံသင့်တာ သည်းခံပါ။

သည်းခံမှုကအပြုတရား၊
ဒေါသဖက်ကအဖျက်တရား၊
လွန်ခြားနား၏။
စိတ်ထားမှန်စွာ၊ သည်းခံသင့်တာ။
သည်းခံရာ၏။
စိန်ရှည်ဇွဲသန်၊
သည်းညည်းခံက၊
ပြုရန်ကိစ္စ၊အောင်မြင်ကြလိမ့်။
ဒေသတိုင်းမှာ ၊ ဒေါသပါလျက်၊
ပြန်ကာတွန်းလှန်။သည်းမခံက၊
ဘေးရန်လည်းများ၊အမုန်းပွား၏။


Monday, March 18, 2013

စုဆောင်း ဖတ်မှတ် ခံစားမိသမျှစာတိုစာစ


ကျေးဇူးဟူသည်

သူကကိုယ့်ပေါ် ပြုသော်ကောင်းမှုကျေးဇူးဟုခေါ်။
ကိုယ့်ပေါ် ပြုထားကျေးဇူးတရားကို တတ်အားသမျှ တုံ့ဆပ်ရ၏။
မဆပ်လိုနေ မချေဖျက်နဲ့ လေးဝပါယ်ရွာ မလွတ်သာ မကြာသွားရမည်။

 

GIVE YOUR BEST ( အကောင်းဆုံးကိုပေးပါ )

အကောင်းဆုံးကိုပေးပါ  ဆိုတဲ့စကားဟာအိမ်ခေါင်မိုးပေါ်တက်ပြီးအော်ပြောသင့်သော
စကားလို့ထင်ပါတယ်။နောက်တစ်နည်းကတော့နံရံပေါ်မှာစာလုံးကြီးကြီးနဲ့ရေးသင့်တဲ့
စကားလို့လည်းပြောချင်ပါတယ်။အကောင်းဆုံးကိုပေးပါ ဆိုတာနဲ့တစ်ပြိုင်နက်တစ်ဆက်တည်း
ပြောရမယ့်စကားကတော့ အသည်းနှလုံးထဲကတိုက်ရိုက်ပေးပါ။  အကောင်းဆုံးကိုပေါ့။
ရင်ထဲအသည်းထဲကရက်ရက်ရောရောထွက်ပေါ်လာတဲ့စေတနာသဒ္ဓါံတရား သန့်ရှင်းဖြူစင်စွာနဲ့
ကိုယ်အတတ်နိုင်ဆုံးကိုအကောင်းဆုံးပေးဖို့ဆိုလိုချင်တာပါ။
           ပုံအောဖို့က မေတ္တာတရား
           နာခံရမှာက ရင်ထဲကနှလုံးသား။

KIND WORDS ( ကြင်နာသောစကား )

ကြင်နာသောစကားလေးတွေကိုလွယ်လွယ်နဲ့တိုတိုပြောလို့ရပါတယ်။
ဒါပေမဲ့သူတို့ရဲ့ပဲ့တင်သံတွေကတော့မဆုံးနှိုင်အောင်ကျန်ခဲ့ပါတော့တယ်။
kind words can be short and easy to say but their echoes are truly endless.

HOPE ( မျှော်လင့်ချက် )

မျှော်လင့်ချက် ဆိုတာအတောင်အမွှေးပါတဲ့အရာပါပဲ။အဲဒီအရာကစိတ်ဝိညာဉ်ထဲမှာနားခိုနေတယ်။
ပြီးတော့စာသားမပါတဲ့သံစဉ်ကိုသီဆိုတတ်တယ်။ဘယ်တော့မှမရပ်နားတော့ပါဘူး။
မျှော်လင့်ချက်ဆိုတာကောင်းတဲ့အရာပါ။အကောင်းဆုံးအရာတောင်ဖြစ်နိုင်ပါတယ်၊။
ကောင်းတဲ့အရာဆိုတာကွယ်ပျောက်သွားတယ်လို့မရှိပါဘူး။
Hope is a good thing,may be the best thing and no good thing ever dies.

တွေးသည့်အခါ ပညာရှိလိုတွေးပါ။
ပြောသည့်အခါ သာမန်လူလိုပြောပါ။

လောကကိုအလှဆင်ပါ။

ချစ်ခြင်းအပြည့်ပါတဲ့မျက်စိနဲ့ အရာရာကိုကြည့်ရင် အလှတရားတွေတွေ့ရပါတယ်
လောဘ၊ ဒေါသ၊ မာန်မာနမျက်စိနဲ့ကြည့်ရင်တော့
လောကဟာ အရုပ်ဆိုးအကျည်းတန်နေမှာဖြစ်ပါတယ်။
ချစ်ခြင်းအပြည့် ၊ ထိုမျက်စိဖြင့်
ကြည့်ရှုလေက၊ မြင်တိုင်းလှလိမ့်။
လောဘ၊ဒေါသ၊အာဃာတနှင့်
မာနမျက်စိ၊ရှိတုံဘိက
ကြည့်တိုင်းမလှ၊ဖြစ်တတ်စွတည့်။
လောကကိုလျှင် လှစေချင်က
ငြိုငြင်မာန်တင်း ၊ ငြူစူကင်းလျက်
ချစ်ခြင်းဖြင့်သာ ရှုမြင်ပါ။
( မြင်းမူမောင်နိုင်မိုး)

Spend less time worrying who's right, and more time deciding what's right. ( H. Jackson Brown  )
ဘယ်သူကမှန်သလဲဆိုတာကိုတွေးတောပြစ်တင်နေလို့အချိန်တွေကုန်မဲ့အစား၊
ဘာကမှန်သလဲဆိုတာကိုဆုံးဖြတ်ဖို့အချိန်များများပေးလိုက်ပါ။

 

ချစ်ခြင်းနှင့်အတူ

ချစ်ခြင်းမေတ္တာရှိသောနေရာတွင်
အောင်မြင်ခြင်းနှင့် ချမ်းသာခြင်းလည်း
ရှိနေကြသည်သာ ဖြစ်ပါသည်။

 အချိုမြိန်ဆုံး စိတ်ချမ်းမြေ့မှု

ပေးလိုက်ရလို့ ရလာတဲ့ ရိုးရိုးသားသား
စိတ်ချမ်းမြေ့မှုလေးတွေနဲ့ ရောင့်ရဲကြရတာ
ပိုပြီး မကောင်းဘူးလား။

MOTHER TERESA

KIND WORDS CAN BE SHORT AND EASY TO SPEAK, BUT THEIR ECHOES ARE TRULY ENDLESS
ကြင်နာစိတ်နဲ့ပြောတဲ့စကားလုံးတွေကတိုတိုလေးတွေဖြစ်ချင်ဖြစ်ပြီး
ပြောလို့လွယ်တဲ့စကားလုံးတွေလည်းဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့အဲဒီ့အကြင်နာစကားလုံးတွေရဲ့ပဲ့တင်သံတွေကတော့အဆုံးမရှိတာအမှန်ပါ။

ONE SHOULD ALWAYS STRIVE TO HAVE A CLEAR CONSCIENCE IN LIFE
ဘ၀မှာလိပ်ပြာသန့်တဲ့စိတ်အစဉ်ရှိနေဖို့ကြိုးပမ်းအားထုတ်ပါ။

ဆရာတော် ဦးဇောတိက

အကောင်းမြင်တတ်တာ၊ကိုယ့်ကိုယ်ကိုလေးစားတာ၊တန်ဖိုးထားတာ၊ပျော်ပျော်နေတတ်တာ၊အခက်အခဲကိုရင်ဆိုင်ရဲတာ၊
သတိနဲ့နေတတ်တာတွေဟာ ကျန်းမာရေးကောင်းဖို့အရေးပါတဲ့အချက်တွေဖြစ်ပါတယ်။

စံကင်းဆရာတော်ဘုရားကြီး

အပြစ်ကင်းတဲ့ပုထုဇဉ်တစ်ယောက်မှမရှိပါ။အပြစ်တွေကိုမကြည့်ပါနဲ့။မြင်ရင်ဖျောက်ပြစ်လိုက်ပါ။
ဂုဏ်ကိုသာရှာပြီးနှလုံးသွင်းဆင်ခြင်အာရုံပြုကြည်ညိုပါ။

မကြောက်နဲ့

သေရမှာလဲမကြောက်နဲ့
ခံစားနေရမှာလဲမကြောက်နဲ့
မခံစားနိုင်လို့သေရတာဖြစ်လေတော့
ဒို့သေရတဲ့တစ်နေ့အနှစ်မပါဗလာပြန်ရမှာသာကြောက်ပါ။
အနှစ်ပါပါပြန်ရရင်တော့ မြေအိုးနဲ့ရွှေအိုး လဲရတော့မယ်လို့
ဝမ်းမြောက်လိုက်ပါတော့။
     ဒီတော့
သင့်မှာကြောက်ဖို့ကိုကောသိပြီလား။
အနှစ်ကောရှိပြီလား။
မသွားဘဲနီးနေတဲ့ခရီးဆိုတာသုသာန်ကိုသွားရမယ့်မရဏခရီးပဲဖြစ်ပါတယ်။
သွားနေရဲ့နဲ ဝေးနေတာကနိဗ္ဗာန်ပဲဖြစ်ပါတယ်။

 အသက်အရွယ်

အရွယ်အိုသွားရတာ ၀မ်းနည်းစရာပါ။။ ဒါပေမယ့် ရင့်ကျက်လာရတာကတော့ ကျေနပ်စရာပါ။
အဓိကသော့ချက်ကတော့ ကျက်သရေရှိစွာ အိုပြဖို့ပဲ လိုပါတယ်။
အရွယ်တွေကျတယ်၊ အိုတယ်ဆိုတာကိလေသာတွေဖြစ်တဲ့ လောဘ၊ ဒေါသ မောဟ ၊မာန်မာန၊
အတ္တတွေကြောင့် စိတ်ကအိုဟောင်း ရုပ်ရည်လည်း မကြည်လင်တော့တာ ဖြစ်ပါတယ်။
စိတ်ထားတတ်သွားတာကြောင့်စိတ်အေးချမ်းအောင် တရားနဲ့နေတတ်သွားကြသူတွေအဖို့မှာတော့
အရွယ်ပင်အိုသော်လည်း ၊စိတ်ကတော့ မအိုကြပါဘူး ။
အိုတာကတော့ အိုမှာပါပဲ ။ဇရာကိုတော့ တားဆီးလို့ မရပါဘူး။အရွယ်တွေအိုပေမယ့် စိတ်တွေ
မအိုကြရအောင် နေတတ်ထိုင်တတ်ဖို့တော့လိုတယ်မဟုတ်ပါလားရှင် ။
(ကျေးဇူးရှင် စာရေးဆရာမကြီး ဒေါ်ခင်စောတင့်၏ခံစားချက်များကိုပြန်လည်ဝေငှတင်ပြပေးပါသည်။ )


သုသာန်ပြင်မှဖြစ်ရပ်မှန်

အရိုးပြောသံ

ဟေ့အလောင်းကောင်
နေ့ကြောင်တောင်ကြီး မောင်မင်းရောက်လာ
ငါ့နေရာကိုဘာကြောင့်ဝင်လုနေတာလဲ။

အလောင်းကောင်ပြောကြားသံ

သွားစမ်းပါဗျာ
ကျုပ်ခန္ဓာသည်မကြာပုပ်သိုးညှီနံ့ဆိုးမည်
ကိုရိုးပြေးတော့ ပြေးပါတော့။

အရိုးပြောသံ

နှစ်ပေအနံ သုံးပြန်ခြောက်ပေ
အလျားမြေကိုလူတွေပိုင်သ
နောက်ဆုံးရဟုပြောကြသည်မှာမမှန်ပါဘူး
ငါ့အရိုးချောင်းသူ့အလောင်းကမောင်းထုတ်နှင်လိုက်
ဓါးပြတိုက်တော့သိမ်းပိုက်ငါနေ သုသာန်မြေကိုကွေကွင်းခဲ့ရ ဆင်းရဲရ။
(1999----2004---31 march ) တပ်ပြင်သင်္ချိုင်းကုန်းကို ကလွင်သို့ပြောင်းစေအမိန့်ကြောင့်
ခြောက်ပေနှစ်ပေ သုသာန်မြေကို
အခြေကျန နေလို့ရအောင်
ပထမမြှပ် အရိုးပုပ်အား
မောင်းထုတ်နှင်လိုက် ဓါးပြတိုက်၍
သိမ်းပိုက်ငါနေ တပ်ပြင်မြေမှ
ပြောင်းစေသင်္ချိုင်း အမိန့်ခိုင်းတော့
မုန်တိုင်းအသွင် ၀ဋ္ဋ်တုံ့ထင်၏။
ကလွင်သုသာန် ခုတစ်ဖန်ပဲ
လျှင်မြန်ရွှေ့ပြောင်းခိုင်းစေကြောင်းကြောင့်
အဟောင်းမြေမှတစ်လက်မကို
လုံးဝမပိုင်ဖြစ်တော့သည်။