ကျေးဇူးဟူသည်
သူကကိုယ့်ပေါ် ပြုသော်ကောင်းမှုကျေးဇူးဟုခေါ်။ကိုယ့်ပေါ် ပြုထားကျေးဇူးတရားကို တတ်အားသမျှ တုံ့ဆပ်ရ၏။
မဆပ်လိုနေ မချေဖျက်နဲ့ လေးဝပါယ်ရွာ မလွတ်သာ မကြာသွားရမည်။
GIVE YOUR BEST ( အကောင်းဆုံးကိုပေးပါ )
အကောင်းဆုံးကိုပေးပါ ဆိုတဲ့စကားဟာအိမ်ခေါင်မိုးပေါ်တက်ပြီးအော်ပြောသင့်သောစကားလို့ထင်ပါတယ်။နောက်တစ်နည်းကတော့နံရံပေါ်မှာစာလုံးကြီးကြီးနဲ့ရေးသင့်တဲ့
စကားလို့လည်းပြောချင်ပါတယ်။အကောင်းဆုံးကိုပေးပါ ဆိုတာနဲ့တစ်ပြိုင်နက်တစ်ဆက်တည်း
ပြောရမယ့်စကားကတော့ အသည်းနှလုံးထဲကတိုက်ရိုက်ပေးပါ။ အကောင်းဆုံးကိုပေါ့။
ရင်ထဲအသည်းထဲကရက်ရက်ရောရောထွက်ပေါ်လာတဲ့စေတနာသဒ္ဓါံတရား သန့်ရှင်းဖြူစင်စွာနဲ့
ကိုယ်အတတ်နိုင်ဆုံးကိုအကောင်းဆုံးပေးဖို့ဆိုလိုချင်တာပါ။
ပုံအောဖို့က မေတ္တာတရား
နာခံရမှာက ရင်ထဲကနှလုံးသား။
KIND WORDS ( ကြင်နာသောစကား )
ကြင်နာသောစကားလေးတွေကိုလွယ်လွယ်နဲ့တိုတိုပြောလို့ရပါတယ်။ဒါပေမဲ့သူတို့ရဲ့ပဲ့တင်သံတွေကတော့မဆုံးနှိုင်အောင်ကျန်ခဲ့ပါတော့တယ်။
kind words can be short and easy to say but their echoes are truly endless.
HOPE ( မျှော်လင့်ချက် )
မျှော်လင့်ချက် ဆိုတာအတောင်အမွှေးပါတဲ့အရာပါပဲ။အဲဒီအရာကစိတ်ဝိညာဉ်ထဲမှာနားခိုနေတယ်။ပြီးတော့စာသားမပါတဲ့သံစဉ်ကိုသီဆိုတတ်တယ်။ဘယ်တော့မှမရပ်နားတော့ပါဘူး။
မျှော်လင့်ချက်ဆိုတာကောင်းတဲ့အရာပါ။အကောင်းဆုံးအရာတောင်ဖြစ်နိုင်ပါတယ်၊။
ကောင်းတဲ့အရာဆိုတာကွယ်ပျောက်သွားတယ်လို့မရှိပါဘူး။
Hope is a good thing,may be the best thing and no good thing ever dies.
တွေးသည့်အခါ ပညာရှိလိုတွေးပါ။
ပြောသည့်အခါ သာမန်လူလိုပြောပါ။
လောကကိုအလှဆင်ပါ။
ချစ်ခြင်းအပြည့်ပါတဲ့မျက်စိနဲ့ အရာရာကိုကြည့်ရင် အလှတရားတွေတွေ့ရပါတယ်လောဘ၊ ဒေါသ၊ မာန်မာနမျက်စိနဲ့ကြည့်ရင်တော့
လောကဟာ အရုပ်ဆိုးအကျည်းတန်နေမှာဖြစ်ပါတယ်။
ချစ်ခြင်းအပြည့် ၊ ထိုမျက်စိဖြင့်
ကြည့်ရှုလေက၊ မြင်တိုင်းလှလိမ့်။
လောဘ၊ဒေါသ၊အာဃာတနှင့်
မာနမျက်စိ၊ရှိတုံဘိက
ကြည့်တိုင်းမလှ၊ဖြစ်တတ်စွတည့်။
လောကကိုလျှင် လှစေချင်က
ငြိုငြင်မာန်တင်း ၊ ငြူစူကင်းလျက်
ချစ်ခြင်းဖြင့်သာ ရှုမြင်ပါ။
( မြင်းမူမောင်နိုင်မိုး)
Spend less time worrying who's right, and more time deciding what's right. ( H. Jackson Brown )
ဘယ်သူကမှန်သလဲဆိုတာကိုတွေးတောပြစ်တင်နေလို့အချိန်တွေကုန်မဲ့အစား၊
ဘာကမှန်သလဲဆိုတာကိုဆုံးဖြတ်ဖို့အချိန်များများပေးလိုက်ပါ။
ချစ်ခြင်းနှင့်အတူ
ချစ်ခြင်းမေတ္တာရှိသောနေရာတွင်အောင်မြင်ခြင်းနှင့် ချမ်းသာခြင်းလည်း
ရှိနေကြသည်သာ ဖြစ်ပါသည်။
အချိုမြိန်ဆုံး စိတ်ချမ်းမြေ့မှု
ပေးလိုက်ရလို့ ရလာတဲ့ ရိုးရိုးသားသားစိတ်ချမ်းမြေ့မှုလေးတွေနဲ့ ရောင့်ရဲကြရတာ
ပိုပြီး မကောင်းဘူးလား။
MOTHER TERESA
KIND WORDS CAN BE SHORT AND EASY TO SPEAK, BUT THEIR ECHOES ARE TRULY ENDLESSကြင်နာစိတ်နဲ့ပြောတဲ့စကားလုံးတွေကတိုတိုလေးတွေဖြစ်ချင်ဖြစ်ပြီး
ပြောလို့လွယ်တဲ့စကားလုံးတွေလည်းဖြစ်နေတတ်ပါတယ်။ ဒါပေမဲ့အဲဒီ့အကြင်နာစကားလုံးတွေရဲ့ပဲ့တင်သံတွေကတော့အဆုံးမရှိတာအမှန်ပါ။
ONE SHOULD ALWAYS STRIVE TO HAVE A CLEAR CONSCIENCE IN LIFE
ဘ၀မှာလိပ်ပြာသန့်တဲ့စိတ်အစဉ်ရှိနေဖို့ကြိုးပမ်းအားထုတ်ပါ။
ဆရာတော် ဦးဇောတိက
အကောင်းမြင်တတ်တာ၊ကိုယ့်ကိုယ်ကိုလေးစားတာ၊တန်ဖိုးထားတာ၊ပျော်ပျော်နေတတ်တာ၊အခက်အခဲကိုရင်ဆိုင်ရဲတာ၊သတိနဲ့နေတတ်တာတွေဟာ ကျန်းမာရေးကောင်းဖို့အရေးပါတဲ့အချက်တွေဖြစ်ပါတယ်။
စံကင်းဆရာတော်ဘုရားကြီး
အပြစ်ကင်းတဲ့ပုထုဇဉ်တစ်ယောက်မှမရှိပါ။အပြစ်တွေကိုမကြည့်ပါနဲ့။မြင်ရင်ဖျောက်ပြစ်လိုက်ပါ။ဂုဏ်ကိုသာရှာပြီးနှလုံးသွင်းဆင်ခြင်အာရုံပြုကြည်ညိုပါ။
မကြောက်နဲ့
သေရမှာလဲမကြောက်နဲ့ခံစားနေရမှာလဲမကြောက်နဲ့
မခံစားနိုင်လို့သေရတာဖြစ်လေတော့
ဒို့သေရတဲ့တစ်နေ့အနှစ်မပါဗလာပြန်ရမှာသာကြောက်ပါ။
အနှစ်ပါပါပြန်ရရင်တော့ မြေအိုးနဲ့ရွှေအိုး လဲရတော့မယ်လို့
ဝမ်းမြောက်လိုက်ပါတော့။
ဒီတော့
သင့်မှာကြောက်ဖို့ကိုကောသိပြီလား။
အနှစ်ကောရှိပြီလား။
မသွားဘဲနီးနေတဲ့ခရီးဆိုတာသုသာန်ကိုသွားရမယ့်မရဏခရီးပဲဖြစ်ပါတယ်။
သွားနေရဲ့နဲ ဝေးနေတာကနိဗ္ဗာန်ပဲဖြစ်ပါတယ်။
အသက်အရွယ်
အရွယ်အိုသွားရတာ ၀မ်းနည်းစရာပါ။။ ဒါပေမယ့် ရင့်ကျက်လာရတာကတော့ ကျေနပ်စရာပါ။အဓိကသော့ချက်ကတော့ ကျက်သရေရှိစွာ အိုပြဖို့ပဲ လိုပါတယ်။
အရွယ်တွေကျတယ်၊ အိုတယ်ဆိုတာကိလေသာတွေဖြစ်တဲ့ လောဘ၊ ဒေါသ မောဟ ၊မာန်မာန၊
အတ္တတွေကြောင့် စိတ်ကအိုဟောင်း ရုပ်ရည်လည်း မကြည်လင်တော့တာ ဖြစ်ပါတယ်။
စိတ်ထားတတ်သွားတာကြောင့်စိတ်အေးချမ်းအောင် တရားနဲ့နေတတ်သွားကြသူတွေအဖို့မှာတော့
အရွယ်ပင်အိုသော်လည်း ၊စိတ်ကတော့ မအိုကြပါဘူး ။
အိုတာကတော့ အိုမှာပါပဲ ။ဇရာကိုတော့ တားဆီးလို့ မရပါဘူး။အရွယ်တွေအိုပေမယ့် စိတ်တွေ
မအိုကြရအောင် နေတတ်ထိုင်တတ်ဖို့တော့လိုတယ်မဟုတ်ပါလားရှင် ။
(ကျေးဇူးရှင် စာရေးဆရာမကြီး ဒေါ်ခင်စောတင့်၏ခံစားချက်များကိုပြန်လည်ဝေငှတင်ပြပေးပါသည်။ )
သုသာန်ပြင်မှဖြစ်ရပ်မှန်
အရိုးပြောသံ
ဟေ့အလောင်းကောင်နေ့ကြောင်တောင်ကြီး မောင်မင်းရောက်လာ
ငါ့နေရာကိုဘာကြောင့်ဝင်လုနေတာလဲ။
အလောင်းကောင်ပြောကြားသံ
သွားစမ်းပါဗျာကျုပ်ခန္ဓာသည်မကြာပုပ်သိုးညှီနံ့ဆိုးမည်
ကိုရိုးပြေးတော့ ပြေးပါတော့။
အရိုးပြောသံ
နှစ်ပေအနံ သုံးပြန်ခြောက်ပေအလျားမြေကိုလူတွေပိုင်သ
နောက်ဆုံးရဟုပြောကြသည်မှာမမှန်ပါဘူး
ငါ့အရိုးချောင်းသူ့အလောင်းကမောင်းထုတ်နှင်လိုက်
ဓါးပြတိုက်တော့သိမ်းပိုက်ငါနေ သုသာန်မြေကိုကွေကွင်းခဲ့ရ ဆင်းရဲရ။
(1999----2004---31 march ) တပ်ပြင်သင်္ချိုင်းကုန်းကို ကလွင်သို့ပြောင်းစေအမိန့်ကြောင့်
ခြောက်ပေနှစ်ပေ သုသာန်မြေကို
အခြေကျန နေလို့ရအောင်
ပထမမြှပ် အရိုးပုပ်အား
မောင်းထုတ်နှင်လိုက် ဓါးပြတိုက်၍
သိမ်းပိုက်ငါနေ တပ်ပြင်မြေမှ
ပြောင်းစေသင်္ချိုင်း အမိန့်ခိုင်းတော့
မုန်တိုင်းအသွင် ၀ဋ္ဋ်တုံ့ထင်၏။
ကလွင်သုသာန် ခုတစ်ဖန်ပဲ
လျှင်မြန်ရွှေ့ပြောင်းခိုင်းစေကြောင်းကြောင့်
အဟောင်းမြေမှတစ်လက်မကို
လုံးဝမပိုင်ဖြစ်တော့သည်။
ဆက်လက်ရေးပေးပါအုံးခင်ဗျား
ReplyDeleteအရမ်းကောင်းပါတယ်
Delete